ညဥ့်နက်သန်းခေါင်
ညဥ့်အမှောင်ဝယ်
ကြယ်ရောင်မရှိ
လမ်းမသိလဲ
ပျံမြဲပျံမည် ပျံရဲသည်..........
မိုးကြိုးလောင်မီး
လျှပ်စီးပြိုးပြက်
တားဆီးလျက်လဲ
ပျံမြဲပျံမည် ပျံရဲသည်.........
မုန်တိုင်းမကြောက်
လမ်းစပျောက်လဲ
ထိုးဖေါက်ဘ၀ဂ် ပျံမည့်ငှက်.........
စိန်တောင်မြတောင်
မိုးထိခေါင်ဖျား
ကျော်လွှားဆန်တက် ပျံမည့်ငှက်..........
မိုးထိဟစ်ကြွေး
မြေနှင့်ဝေးမှ
ဆွေးနောင်တနှင့်
ဦးချငုံ့ကြည့်
စဉ်းစားမိချိန်
ထိပ်ဆီမရောက်
စိုးကြောက်စိတ်နွမ်း
လက်ပန်းလဲကျ
ညအမှောင်မှာ
အတောင်လဲကျွတ်
ဆွတ်လွတ်ရှိုက်ငို
မျက်ရည်ယိုစီး
ခရီးနိဂုံး
ဘ၀ဆုံးလျက် မြေ၀ပ်ငှက်...........။ ။
ညဥ့်အမှောင်ဝယ်
ကြယ်ရောင်မရှိ
လမ်းမသိလဲ
ပျံမြဲပျံမည် ပျံရဲသည်..........
မိုးကြိုးလောင်မီး
လျှပ်စီးပြိုးပြက်
တားဆီးလျက်လဲ
ပျံမြဲပျံမည် ပျံရဲသည်.........
မုန်တိုင်းမကြောက်
လမ်းစပျောက်လဲ
ထိုးဖေါက်ဘ၀ဂ် ပျံမည့်ငှက်.........
စိန်တောင်မြတောင်
မိုးထိခေါင်ဖျား
ကျော်လွှားဆန်တက် ပျံမည့်ငှက်..........
မိုးထိဟစ်ကြွေး
မြေနှင့်ဝေးမှ
ဆွေးနောင်တနှင့်
ဦးချငုံ့ကြည့်
စဉ်းစားမိချိန်
ထိပ်ဆီမရောက်
စိုးကြောက်စိတ်နွမ်း
လက်ပန်းလဲကျ
ညအမှောင်မှာ
အတောင်လဲကျွတ်
ဆွတ်လွတ်ရှိုက်ငို
မျက်ရည်ယိုစီး
ခရီးနိဂုံး
ဘ၀ဆုံးလျက် မြေ၀ပ်ငှက်...........။ ။
Sergeant-clerk Phyo Han Kyaw
Mark572 Light Infantry Regiment
Talay,Golden Triangle Command